Jump to Content

မိဘများကို ကြိုဆိုပါသည်။

သင့်ယုံကြည်မှုကို ကျွန်ုပ်တို့ ဦးထိပ်ထားပါသည်၊ သင့်ကလေးအား Google Account ပိုင်ဆိုင်ခွင့်ပြုခြင်းသည် ကြီးမားသောဆုံးဖြတ်ချက် ဖြစ်ပါသည်။ ပိုမိုသိရှိရန် ဤအရေးကြီး အချက်အလက်များကို အချိန်အနည်းငယ်ပေး၍ ကြည့်ပါ။

မိဘများအတွက် တူးလ်များ

သင့်ကလေး၏ Google Account သည် သင်၏ကိုယ်ပိုင်အကောင့်နှင့်အလားတူပင် ကလေးများအတွက် ပြင်ဆင်ထားခြင်း (သို့) စီမံထားခြင်း မရှိသည့် ဝန်ဆောင်မှုများ အပါအဝင် Google ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သုံးနိုင်ပါမည်။ သင့်ကလေးသည် သူ၏အကောင့်ဖြင့် အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါမည်-

  • Google Assistant၊ Chrome၊ Search ဖြင့် မေးခွန်းများ မေးခြင်း၊ အင်တာနက်ကို ဝင်သုံးခြင်းနှင့် ရှာဖွေခြင်း၊
  • Gmail၊ SMS၊ ဗီဒီယို၊ အသံနှင့် အခြားဆက်သွယ်ရေး နည်းလမ်းများဖြင့် အခြားလူများနှင့် ဆက်သွယ်ခြင်း၊
  • အက်ပ်၊ ဂိမ်း၊ သီချင်း၊ ရုပ်ရှင်နှင့် နောက်ထပ်အရာများကို ဒေါင်းလုဒ်လုပ်ခြင်း၊ ဝယ်ယူခြင်းနှင့် အသုံးပြုခြင်း၊
  • ဓာတ်ပုံ၊ ဗီဒီယို၊ တင်ပြမှု၊ မှတ်တမ်းနှင့် အခြားအကြောင်းအရာများကို ပြုလုပ်ခြင်း၊ ကြည့်ရှုခြင်းနှင့် မျှဝေခြင်း၊
  • (သင့်ကလေး၏ စက်ပစ္စည်းများအပေါ် မူတည်၍) Google Fit တွင် လှုပ်ရှားမှုအဆင့်နှင့် နှလုံးခုန်နှုန်း အပါအဝင် ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အချက်အလက်များကို စောင့်ကြည့်ခြင်းနှင့်
  • Google ၏ ဝန်ဆောင်မှုများကို အသုံးပြုစဉ် အကြောင်းအရာနှင့် သက်ဆိုင်သည့် ကြော်ငြာများကို ကြည့်ခြင်း

အခြားသူများကို လေးစားပါ

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများစွာဖြင့် သင့်ကလေးသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကိုသုံးသော အခြားလူများနှင့် ပြန်လှန်ဆက်သွယ်နိုင်သည်။ ကျွန်ုပ်တို့သည် လူတိုင်းအပေါ် လေးစားသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုသည်။ ဆိုလိုသည်မှာ သင့်ကလေးသည် အလွဲသုံးစားမပြုခြင်း (သို့) အခြားသူများအား (သို့) သူ့ဘာသာ ဘေးမဖြစ်စေခြင်း (သို့မဟုတ် ခြိမ်းခြောက်ခြင်း (သို့) ထိုအလွဲသုံးစားပြုမှု (သို့) ဘေးဖြစ်စေမှုကို အားပေးခြင်း) ကဲ့သို့သော အခြေခံကျင့်ဝတ်စည်းမျဉ်းများကို လိုက်နာရပါမည် — ဥပမာအားဖြင့် အထင်အမြင်မှားစေခြင်း၊ လှည့်ဖြားယူခြင်း၊ အသရေဖျက်ခြင်း၊ နိုင်ထက်စီးနင်းလုပ်ခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ အခြားသူများကို လိုက်လံချောင်းမြောင်းခြင်း (သို့) (လူများ၏ မျိုးရိုးဇာတိ၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ လိင်ကွဲပြားမှု၊ လိင်စိတ်တိမ်းညွတ်မှု အစရှိသည်၏ အကောင့်အပေါ် အမုန်းပွားစေသော အကြောင်းအရာ (သို့) ခွဲခြားဆက်ဆံခြင်းကဲ့သို့သော) အမုန်းပွားစေသည့် အကြောင်းအရာများကို လူသိရှင်ကြား ဖြန့်ဝေခြင်းဖြင့်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သုံးသည့်အခါ။ အမုန်းပွားစေသော အကြောင်းအရာကို ထုတ်ဝေမှုကြောင့် သင်နှင့် သင့်ကလေးသည် တရားမမှု (သို့) ရာဇဝတ်မှုဆိုင်ရာ တာဝန်ခံရမှု ရှိနိုင်သည်။

သင့်ကလေး၏ ပုဂ္ဂိုလ်ရေးလုံခြုံမှု

သင့်ကလေးအတွက် သူ၏ ကိုယ်ပိုင် Google Account (သို့) ပရိုဖိုင် ပြုလုပ်ရန် 'ဤပုဂ္ဂိုလ်ရေးဆိုင်ရာ သတိပေးချက်' နှင့် Google ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒ တွင် ဖော်ပြထားသည့်အတိုင်း သင့်ကလေး၏ အချက်အလက်များကို စုဆောင်း၊ အသုံးပြု (သို့) ဖော်ပြရန် သင့်ခွင့်ပြုချက် လိုအပ်ပါသည်။ သင့်ကလေးအား ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သုံးခွင့်ပြုခြင်းဖြင့် သင်နှင့် သင့်ကလေးသည် သင်တို့၏ အချက်အလက်များကို ကျွန်ုပ်တို့ထံ အပ်နှံထားပါမည်။ ၎င်းသည် ကြီးမားသော တာဝန်ဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်ပါသည်၊ သင်တို့၏အချက်အလက်များကို ကာကွယ်ရန်နှင့် ၎င်းတို့ကို သင်ထိန်းချုပ်နိုင်စေရန် အထူးကြိုးပမ်း ဆောင်ရွက်နေပါသည်။ 'ဝဘ်နှင့် အက်ပ် လုပ်ဆောင်ချက်' နှင့် 'YouTube မှတ်တမ်း' ကဲ့သို့သော အရာများအတွကသင့်ကလေးက သူ၏ လုပ်ဆောင်ချက်များကို ထိန်းချုပ်နိုင်ခွင့် ရှိ၊ မရှိ သင်ရွေးချယ်နိုင်ပါသည်။

Family Link ဖြင့် စီမံခန့်ခွဲထားသည့် အသက် ၁၃ နှစ် (သို့မဟုတ် သင့်နိုင်ငံတွင် သတ်မှတ်ထားသော အသက်အရွယ်) အောက် ကလေးငယ်များ၏ Google Account နှင့် ပရိုဖိုင်များအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သတိပေးချက် နှင့် Google ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒ တွင် Google ၏ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းပြထားသည်။ သင့်ကလေး၏ အကောင့် (သို့) ပရိုဖိုင်တွင် ပုဂ္ဂိုလ်ရေးသီးသန့် ကြော်ငြာခြင်းကဲ့သို့သော လုံခြုံရေးဆိုင်ရာ သီးသန့်ဆောင်ရွက်ချက်များ ရှိပါက ၎င်းကွဲလွဲချက်များကို ဤ 'ပုဂ္ဂိုလ်ရေးဆိုင်ရာ သတိပေးချက်' တွင် ဖော်ပြထားသည်။

ဤ 'ပုဂ္ဂိုလ်ရေးဆိုင်ရာ သတိပေးချက်' သည် သင့်ကလေး အသုံးပြုနိုင်သည့် (Google မဟုတ်သော) ပြင်ပကုမ္ပဏီအက်ပ်၊ လုပ်ဆောင်ချက် (သို့) ဝဘ်ဆိုက်များ၏ ဆောင်ရွက်ချက်များနှင့် မသက်ဆိုင်ပါ။ ပြင်ပကုမ္ပဏီအက်ပ်၊ လုပ်ဆောင်ချက်နှင့် ဝဘ်ဆိုက်များ၏ ဒေတာစုဆောင်းမှုနှင့် အသုံးပြုမှုဆိုင်ရာ ဆောင်ရွက်ချက်များ အပါအဝင် ၎င်းတို့က သင့်ကလေးအတွက် သင့်လျော်မှုရှိမရှိ သိနိုင်ရန်အတွက် သင်သည် သက်ဆိုင်ရာ စည်းမျဉ်းနှင့် မူဝါဒများကို လေ့လာသင့်ပါသည်။

ကျွန်ုပ်တို့ စုဆောင်းသော အချက်အလက်

သင်သည် သင့်ကလေးအား Google Account (သို့) ပရိုဖိုင်ကို ပိုင်ဆိုင်ခွင့်ပေးလိုက်ပါက ယေဘုယျအားဖြင့် သူ၏အကောင့် (သို့) ပရိုဖိုင်ကို သင့်အကောင့်ကဲ့သို့ပင် တန်းတူသတ်မှတ်၍ အချက်အလက်များ စုဆောင်းပါမည်။ ဥပမာ ကျွန်ုပ်တို့ စုဆောင်းသောအရာများမှာ-

သင်နှင့် သင့်ကလေး ပြုလုပ်သည့် (သို့) ကျွန်ုပ်တို့ထံ ပို့သည့် အချက်အလက်များ။

အကောင့် (သို့) ပရိုဖိုင်ဖွင့်ခြင်း လုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် ရှေ့ဆုံးနှင့် နောက်ဆုံးအမည်၊ အီးမေးလ်လိပ်စာနှင့် မွေးရက်ကဲ့သို့သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့ မေးမြန်းပါသည်။ ခွင့်ပြုချက်တောင်းရန်အတွက် သင့်အားဆက်သွယ်ရန် လိုအပ်သည့် အွန်လိုင်း အဆက်အသွယ် အသေးစိတ်ကဲ့သို့သော သင် (သို့) သင့်ကလေးက ပေးသည့် အချက်အလက်များကို ကျွန်ုပ်တို့စုဆောင်းပါသည်။ Google Photos တွင် ဓာတ်ပုံ သိမ်းဆည်းခြင်း (သို့) Google Drive တွင် မှတ်တမ်းပြုလုပ်ခြင်းကဲ့သို့ သင့်ကလေးက အကောင့် (သို့) ပရိုဖိုင် အသုံးပြုချိန်တွင် ပြုလုပ်သော၊ အပ်လုဒ်လုပ်သော (သို့) အခြားသူများထံမှ လက်ခံရယူသော အချက်အလက်များကိုလည်း ကျွန်ုပ်တို့စုဆောင်းပါသည်။

သင့်ကလေးက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုရာမှ ကျွန်ုပ်တို့ရရှိထားသည့် အချက်အလက်များ။

Google Search တွင် မေးခွန်း မေးခြင်း၊ Google Assistant သို့ စကားပြောခြင်း (သို့) YouTube Kids တွင် ဗီဒီယိုကြည့်ခြင်းကဲ့သို့သော သင့်ကလေး အသုံးပြုသည့် ဝန်ဆောင်မှုများနှင့် ၎င်းတို့ကို အသုံးပြုပုံအကြောင်း အချက်အလက်အချို့ကို ကျွန်ုပ်တို့က အလိုအလျောက် စုဆောင်းသိမ်းဆည်းပါသည်။ ၎င်းအချက်အလက်တွင် ပါဝင်သည်များမှာ-

  • သင့်ကလေး၏ အက်ပ်၊ ဘရောင်ဇာနှင့် စက်ပစ္စည်းများ
    Google ဝန်ဆောင်မှုများသုံးရန်အတွက် သင့်ကလေး အသုံးပြုသည့် အက်ပ်၊ ဘရောင်ဇာနှင့် စက်ပစ္စည်းများဆိုင်ရာ အချက်အလက်များအပါအဝင် မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်မှုစနစ်၊ ဘရောင်ဇာအမျိုးအစားနှင့် ဆက်တင်များ၊ စက်ပစ္စည်းအမျိုးအစားနှင့် ဆက်တင်များ၊ လည်ပတ်သည့်စနစ်၊ ဖုန်းလိုင်းအမည်နှင့် ဖုန်းနံပါတ်စသည့် မိုဘိုင်းကွန်ရက် အချက်အလက်များ၊ အက်ပ်ဗားရှင်းနံပါတ်တို့ကို ကျွန်ုပ်တို့ စုဆောင်းပါသည်။ အိုင်ပီ (IP) လိပ်စာ၊ ပျက်စီးမှု အစီရင်ခံစာ၊ စနစ်လုပ်ဆောင်ချက်၊ သင့်ကလေး တောင်းဆိုချက်၏ ရက်စွဲ၊ အချိန်၊ ကိုယ်စားပြု URL အပါအဝင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် သင့်ကလေး၏ အက်ပ်၊ ဘရောင်ဇာ၊ စက်ပစ္စည်းများအကြား အပြန်အလှန် ဆက်သွယ်မှုဆိုင်ရာ အချက်အလက်များကိုလည်း စုဆောင်းပါသည်။ ဥပမာ သင့်ကလေးက Play Store မှ အက်ပ်ကို ထည့်သွင်းခြင်းကဲ့သို့သော သူ၏ စက်ပစ္စည်းရှိ Google ဝန်ဆောင်မှုက ကျွန်ုပ်တို့၏ ဆာဗာများကို ဆက်သွယ်မှုမျိုးတွင် ၎င်းအချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းပါသည်။
  • သင့်ကလေး၏ လုပ်ဆောင်ချက်
    Google Play ရှိ သင့်ကလေး နှစ်သက်နိုင်သော အက်ပ်များကို အကြံပြုခြင်းကဲ့သို့သော လုပ်ဆောင်မှုများအတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများရှိ သူ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် အချက်အလက်ကို စုဆောင်းပါသည်။ သင့်ကလေးက သူ၏ လုပ်ဆောင်ချက်ထိန်းချုပ်မှုများကို စီမံနိုင်ခြင်း ရှိ၊ မရှိ သင်ရွေးချယ် နိုင်ပါသည်။ ကျွန်ုပ်တို့ စုဆောင်းသော သင့်ကလေး၏ လုပ်ဆောင်ချက် အချက်အလက်များတွင် ရှာဖွေသည့် စာလုံး၊ သူကြည့်သော ဗီဒီယို၊ အသံဝန်ဆောင်မှုကို အသုံးပြုလျှင် ရရှိသော စကားသံနှင့် အသံအချက်အလက်၊ သူ ဆက်သွယ်သော (သို့) အကြောင်းအရာ မျှဝေသော လူများအပြင် သူ၏ Google Account နှင့် စင့်ခ်လုပ်ထားသော Chrome ရှာဖွေမှုမှတ်တမ်းတို့ ပါဝင်ပါသည်။ သင့်ကလေးသည် ခေါ်ဆိုမှုများ ပြုလုပ်ရန်နှင့် လက်ခံရန် (သို့) မက်ဆေ့ဂျ်များ ပို့ရန်နှင့် လက်ခံရန် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ဥပမာ Google Meet (သို့) Duo ကို အသုံးပြုပါက တယ်လီဖုန်းဆိုင်ရာ မှတ်တမ်းအချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းနိုင်ပါသည်။ သင့်ကလေးသည် သူ၏ Google Account သို့ ဝင်၍ ၎င်းအကောင့် (သို့) ပရိုဖိုင်တွင် သိမ်းထားသော လုပ်ဆောင်ချက်ဆိုင်ရာ အချက်အလက်များကို ရှာဖွေစီမံနိုင်ပြီး သင်သည်လည်း သင့်ကလေး၏ Google Account သို့ လက်မှတ်ထိုးဝင်ရောက်ပြီး (သို့) Family Link ရှိ သူ၏ပရိုဖိုင်သို့ ဝင်ပြီး သူ၏လုပ်ဆောင်ချက်ဆိုင်ရာ အချက်အလက်များကို ကူညီစီမံနိုင်သည်။
  • သင့်ကလေး၏ တည်နေရာဆိုင်ရာ အချက်အလက်များ
    သင့်ကလေးက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုလျှင် သူ၏တည်နေရာဆိုင်ရာ အချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းပါသည်။ Wi-Fi ချိတ်ဆက်သည့်နေရာ၊ မိုဘိုင်းတိုင်နှင့် ဘလူးတုသ် ဖွင့်ထားသည့် စက်ပစ္စည်းများကဲ့သို့ သင့်ကလေး၏ စက်ပစ္စည်းအနီးရှိ အရာများအကြောင်း အချက်အလက်များ၊ သူ၏ စက်ပစ္စည်းမှ GPS၊ အိုင်ပီ (IP) လိပ်စာနှင့် အာရုံခံစနစ် ဒေတာကို အသုံးပြုခြင်းဖြင့် သူ၏ တည်နေရာကို သိရှိနိုင်ပါသည်။ ကျွန်ုပ်တို့စုဆောင်းသည့် တည်နေရာဒေတာ အမျိုးအစားများသည် သင်၏ ဆက်တင်များနှင့် သင့်ကလေး၏ စက်ပစ္စည်းများအပေါ် တစ်စိတ်တစ်ပိုင်း မူတည်ပါသည်။
  • သင့်ကလေး၏ စကားသံနှင့် အသံအချက်အလက်များ
    သင့်ကလေး၏ စကားသံနှင့် အသံအချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းနိုင်ပါသည်။ ဥပမာအားဖြင့် ‘ဝဘ်နှင့် အက်ပ်လုပ်ဆောင်ချက်’ ဆက်တင်ကို ဖွင့်ထားချိန်တွင် သင့်ကလေးက စတင်ရန် အသံကွန်မန်းများ (ဥပမာ - “OK, Google” သို့မဟုတ် မိုက်ခရိုဖုန်း သင်္ကေတကို ထိခြင်း) ကို အသုံးပြုပါက သူပြောဆိုသည့် စကားသံ/အသံ၏ မှတ်တမ်းကို စက္ကန့်အနည်းငယ်မတိုင်မီကစပြီး သူလက်မှတ်ထိုးဝင်ထားသော စက်ပစ္စည်းများမှ သူ၏အကောင့်သို့ သိမ်းဆည်းနိုင်ပါသည်။

ဘရောင်ဇာ ဝဘ်သိုလှောင်ခန်း (သို့) အက်ပ်ဒေတာကက်ရှ်၊ ဒေတာဘေ့စ်နှင့် ဆာဗာမှတ်တမ်းများကဲ့သို့သော ကွတ်ကီး၊ ပစ်ဆယ်တဂ်နှင့် စက်တွင်းသိုလှောင်ခန်းအပါအဝင် သင့်ကလေး၏ အချက်အလက်များကို စုဆောင်းသိမ်းဆည်းရန် အမျိုးမျိုးသော နည်းပညာများကို အသုံးပြုပါသည်။ ဤအကောင့် (သို့) ပရိုဖိုင်များအတွက် ရရှိနိုင်သော Google ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ အသုံးပြုရန် သင့်ကလေးသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လိုအပ်သည်ထက် ပိုမိုဖော်ပြရန် မလိုပါ။

စုဆောင်းထားသော အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုပုံ

သင့်ကလေး၏ Google Account (သို့) ပရိုဖိုင်နှင့် ချိတ်ဆက်ပြီGoogle က စုဆောင်းသည့် ဒေတာများအား ကျွန်ုပ်တို့ မည်သို့အသုံးပြုနိုင်ပုံကို 'Google ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒ' က အသေးစိတ်ကျကျ ရှင်းပြထားသည်။ ယေဘုယျအားဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများပံ့ပိုးရန်၊ ထိန်းသိမ်းရန်နှင့် တိုးမြှင့်ရန်၊ ဝန်ဆောင်မှုအသစ်များ ချဲ့ထွင်ရန်၊ သင့်ကလေးအတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို စိတ်ကြိုက်ပြုလုပ်ရန်၊ စွမ်းဆောင်ရည် တိုင်းတာရန်နှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား အသုံးပြုထားပုံကို နားလည်ရန်၊ ကျွန်ုပ်တို့၏ ၀န်ဆောင်မှုများနှင့် ပတ်သက်၍ သင့်ကလေးနှင့် တိုက်ရိုက်ဆက်သွယ်ရန်၊ ဝန်ဆောင်မှုများ၏ လုံခြုံရေးနှင့် ယုံကြည်စိတ်ချရမှု မြှင့်တင်ရာတွင် အထောက်အကူပြုရန်တို့အတွက် သင့်ကလေး၏ အချက်အလက်များကို အသုံးပြုပါသည်။

ဤရည်ရွယ်ချက်များအတွက် သင့်ကလေး၏ အချက်အလက်များကို စီမံဆောင်ရွက်ရာတွင် ကျွန်ုပ်တို့သည် နည်းပညာအမျိုးမျိုးကို အသုံးပြုပါသည်။ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို ၎င်းတို့အသုံးပြုကြပုံအပေါ် မူတည်၍ စီမံပေးထားသည့် စိတ်ကြိုက်ရှာဖွေမှုရလဒ် (သို့) အခြားလုပ်ဆောင်ချက်ကဲ့သို့သော အရာများကို ၎င်းတို့အား ပံ့ပိုးပေးရန်အတွက် သင့်ကလေး၏အကြောင်းအရာကို ပိုင်းခြားစိစစ်သည့် အလိုအလျောက်စနစ်များကို အသုံးပြုပါသည်။ စပမ်း၊ မဲလ်ဝဲနှင့် တရားမဝင် အကြောင်းအရာကဲ့သို့သော အလွဲသုံးစားပြုမှုကို တွေ့ရှိနိုင်ရန်လည်း သင့်ကလေး၏ အကြောင်းအရာကို ကျွန်ုပ်တို့က ပိုင်းခြားစိစစ်ပါသည်။ ဒေတာများ၏ ပုံစံများကို နားလည်နိုင်ရန် အဖြေရှာစနစ်များကိုလည်း အသုံးပြုပါသည်။ ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်ထားသော စပမ်း၊ မဲလ်ဝဲ၊ တရားမဝင် အကြောင်းအရာနှင့် အခြားအလွဲသုံးစားပြုမှုများကို ကျွန်ုပ်တို့၏ စနစ်တွင် တွေ့ရှိပါက သူ၏အကောင့် (သို့) ပရိုဖိုင်ကို ပိတ်ပါမည် (သို့) သင့်လျော်သလို အရေးယူဆောင်ရွက်သွားပါမည်။ အချို့ကိစ္စရပ်များတွင် ယင်းချိုးဖောက်မှုကို သက်ဆိုင်ရာ အာဏာပိုင်များသို့ တိုင်ကြားသွားပါမည်။

အကြံပြုချက်၊ ပုဂ္ဂိုလ်ရေးသီးသန့် ပြုလုပ်ထားသော အကြောင်းအရာနှင့် စိတ်ကြိုက်လုပ်ထားသော ရှာဖွေမှုရလဒ်များကို ပံ့ပိုးရန် သင့်ကလေး၏ အချက်အလက်ကို အသုံးပြုနိုင်ပါသည်။ ဥပမာ သင့်ကလေး၏ ဆက်တင်များပေါ် မူတည်ပြီး သူနှစ်သက်နိုင်သော အက်ပ်အသစ်များကို အကြံပြုရန်အတွက် Google Play သည် သင့်ကလေးထည့်သွင်းထားသော အက်ပ်များကဲ့သို့သော အချက်အလက်ကို အသုံးပြုနိုင်ပါသည်။

ထို့အပြင် အထက်ဖော်ပြပါ အကြောင်းများအတွက် ရည်ရွယ်ပြီး သင့်ကလေး၏ စက်ပစ္စည်းများနှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများမှ စုဆောင်းရရှိသော အချက်အလက်များကို ပေါင်းစည်းနိုင်ပါသည်။ Google ၏ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စေရန် သင့်ကလေး၏အကောင့် (သို့) ပရိုဖိုင်ဆက်တင်များပေါ် မူတည်ပြီး အခြားဝဘ်ဆိုက်နှင့် အက်ပ်များရှိ သူ၏လုပ်ဆောင်ချက်ကို ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ဆက်နွယ်ထားနိုင်ပါသည်။

Google သည် သင့်ကလေးထပုဂ္ဂိုလ်ရေးသီးသန့် ပြုလုပ်ထားသော ကြော်ငြာများ ကို ဝန်ဆောင်ပေးမည် မဟုတ်ပါ၊ ဆိုလိုသည်မှာ ကြော်ငြာများသည် သင့်ကလေး၏အကောင့် (သို့) ပရိုဖိုင်မှ အချက်အလက်များအပေါ် အခြေခံထားမည် မဟုတ်ပါ။ ယင်းအစား ကြော်ငြာများသည် သင့်ကလေးကြည့်သည့် ဝဘ်ဆိုက် (သို့) အက်ပ်၏ အကြောင်းအရာ၊ လက်ရှိ ရှာဖွေမှု (သို့) ယေဘုယျ တည်နေရာ (မြို့ (သို့) ပြည်နယ်စသည်) ကဲ့သို့သော အချက်အလက်များအပေါ် အခြေခံထားနိုင်ပါသည်။ ဝဘ်ကို ကြည့်ရှုနေစဉ် (သို့) Google မဟုတ်သော အက်ပ်များကို အသုံးပြုနေစဉ် သင့်ကလေးသည် ပြင်ပကုမ္ပဏီအက်ပ်များက ပုဂ္ဂိုလ်ရေးသီးသန့် ပြုလုပ်ပေးထားသော ကြော်ငြာများ အပါအဝင် အခြား (Google မဟုတ်သော) ကြော်ငြာသူများက ပြသထားသော ကြော်ငြာများကို တွေ့ရနိုင်ပါသည်။

သင့်ကလေး မျှဝေနိုင်သော အချက်အလက်များ

သင့်ကလေးသည် သူ၏ Google အကောင့် (သို့) ပရိုဖိုင်ဖြင့် လက်မှတ်ထိုးဝင်ထားသောအခါ ဓာတ်ပုံ၊ ဗီဒီယို၊ အသံနှင့် တည်နေရာအပါအဝင် အချက်အလက်များကို လူသိရှင်ကြားမျှဝေနိုင်ပြီး အခြားသူများနှင့်လည်း မျှဝေနိုင်ပါမည်။ သင့်ကလေးက အချက်အလက်များကို လူသိရှင်ကြား မျှဝေလျှင် Google Search ကဲ့သို့သော ရှာဖွေရေးအင်ဂျင်များမှတစ်ဆင့် အများက တွေ့ရှိနိုင်ပါသည်။

Google က မျှဝေထားသော အချက်အလက်များ

ကျွန်ုပ်တို့စုဆောင်းသည့် အချက်အလက်များကို အချို့အခြေအနေများ၌ Google ပြင်ပတွင် မျှဝေနိုင်ပါသည်။ အောက်ပါကိစ္စများမှလွဲ၍ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို Google ပြင်ပရှိ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် မျှဝေမည် မဟုတ်ပါ-

သဘောတူညီချက်ဖြင့်
ကျွန်ုပ်တို့သည် (သင့်လျော်သည့်အလျောက်) သဘောတူညီချက်ဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို Google ပြင်ပတွင် မျှဝေသွားပါမည်။

သင့်မိသားစုအဖွဲ့နှင့်
အမည်၊ ဓာတ်ပုံ၊ အီးမေးလ်လိပ်စာနှင့် Play ဝယ်ယူမှုများ အပါအဝင် သင့်ကလေး၏ အချက်အလက်များကို Google ရှိ သင်၏ မိသားစုအဖွဲ့ဝင်များနှင့် မျှဝေပါမည်။

ပြင်ပ လုပ်ဆောင်ခြင်းအတွက
ကျွန်ုပ်တို့၏ ညွှန်ကြားချက်များကို အခြေခံ၍ ဤ 'ပုဂ္ဂိုလ်ရေးဆိုင်ရာ သတိပေးချက်' နှင့် Google ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒ အပြင် အခြားသင့်လျော်သည့် လျှို့ဝှက်လုံခြုံရေး ဆောင်ရွက်ချက်များနှင့်အညီ ကျွန်ုပ်တို့အတွက် စီမံဆောင်ရွက်ပေးရန်အတွက် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့၏ အဖွဲ့ဝင် (သို့) ယုံကြည်စိတ်ချရသောလုပ်ငန်း (သို့) လူများအား ပေးအပ်ပါသည်။

ဥပဒေဆိုင်ရာ ကိစ္စရပ်များအတွက
အချက်အလက်များကို ကြည့်ရှုခြင်း၊ အသုံးပြုခြင်း၊ ထိန်းသိမ်းထားခြင်း (သို့) ဖော်ပြခြင်းသည် အောက်ပါတို့အတွက် ကျိုးကြောင်းသင့်စွာဖြင့် လိုအပ်ကြောင်း ကျွန်ုပ်တို့က စိတ်ရင်းကောင်းဖြင့် ယုံကြည်ပါက ကိုယ်ရေးကိုယ်တာအချက်အလက်များကို Google ၏ ပြင်ပတွင် မျှဝေသွားပါမည်-

  • သက်ဆိုင်သော ဥပဒေ၊ စည်းမျဉ်း၊ တရားဝင်လုပ်ငန်းစဉ် (သို့) ပြဋ္ဌာန်းထားသော အစိုးရတောင်းဆိုချက်များ အားလုံးကို လိုက်နာခြင်း၊
  • ဖြစ်နိုင်ခြေရှိသော ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်း အပါအဝင် သက်ဆိုင်ရာ 'ဝန်ဆောင်မှုစည်းမျဉ်းများ' ကို ပြဋ္ဌာန်းခြင်း၊
  • လိမ်လည်မှု၊ လုံခြုံရေး (သို့) နည်းပညာ ပြဿနာများကို ရှာဖွေခြင်း၊ ကာကွယ်ခြင်း (သို့) ကိုင်တွယ်ဖြေရှင်းခြင်း (သို့)
  • လိုအပ်လျှင်သော်လည်းကောင်း၊ ဥပဒေ၏ ခွင့်ပြုချက်အရသော်လည်းကောင်း Google၊ ကျွန်ုပ်တို့၏ အသုံးပြုသူများ (သို့) အများပြည်သူတို့၏ အခွင့်အရေးများ၊ ပိုင်ဆိုင်မှု (သို့) လုံခြုံမှုတို့ကို ထိခိုက်နစ်နာခြင်းမှ ကာကွယ်ခြင်း။

(ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုသည့် အခြေအနေများကဲ့သို့) မည်သူမည်ဝါဖြစ်ကြောင်း မသိနိုင်သည့် အချက်အလက်များကိုလည်း ကျွန်ုပ်တို့သည် အများပြည်သူနှင့် ထုတ်ဝေသူ၊ ကြော်ငြာရှင်၊ ဆော့ဖ်ဝဲအင်ဂျင်နီယာ (သို့) မူပိုင်ခွင့်ရှိသူများ ကဲ့သို့သော ကျွန်ုပ်တို့၏ ပါတနာများနှင့်လည်း မျှဝေနိုင်ပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ယေဘုယျ အသုံးပြုသည့် အခြေအနေများကိုလည်း အများပြည်သူနှင့် မျှဝေပါသည်။ သူတို့၏ ကိုယ်ပိုင် ကွတ်ကီး (သို့) အလားတူနည်းပညာများကို အသုံးပြု၍ ကြော်ငြာခြင်းနှင့် တိုင်းတာခြင်းများအတွက် ဘရောင်ဇာ (သို့) စက်ပစ္စည်းများမှ အချက်အလက်များကို စုဆောင်းရန် သတ်မှတ်ထားသည့် ပါတနာများကိုလည်း ခွင့်ပြုပါသည်။

သင့်ကလေး၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သုံးခွင့်

သင့်ကလေးတွင် Google Account ရှိပါက သင်သည် သူ၏ Google Account သို့ လက်မှတ်ထိုးဝင်ရောက်၍ အချက်အလက်များကို သုံးခြင်း၊ အပ်ဒိတ်လုပ်ခြင်း၊ ဖယ်ရှားခြင်း၊ ထုတ်ယူခြင်းနှင့် လုပ်ငန်းစဉ် ကန့်သတ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ သင့်ကလေး၏ စကားဝှက်ကို မမှတ်မိပါက ၎င်းကို Family Link အက်ပ် (သို့) ဝဘ်ပေါ်ရှိ Family Link ဆက်တင်များ မှတစ်ဆင့် ပြင်ဆင်သတ်မှတ်နိုင်သည်။ လက်မှတ်ထိုးဝင်ပြီးပါက သင့်ကလေး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်တင်နှင့် အချက်အလက်များကို ကူညီစီမံရနGoogle ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒ တွင် ဖော်ပြထားသည့် အမျိုးမျိုးသော ထိန်းချုပ်မှုများ ဥပမGoogle လုပ်ဆောင်ချက် ထိန်းချုပ်မှုများ ကို အသုံးပြုနိုင်သည်။

သင့်ကလေးတွင် ပရိုဖိုင်ရှိပါက သင်သည် သူ၏ အချက်အလက်များကို သုံးခြင်း၊ အပ်ဒိတ်လုပ်ခြင်း၊ ဖယ်ရှားခြင်း၊ ထုတ်ယူခြင်းနှင့် လုပ်ငန်းစဉ် ကန့်သတ်ခြင်းတို့ကို Family Link အက်ပ် (သို့) ဝဘ်ပေါ်ရှိ Family Link ဆက်တင်များ မှတစ်ဆင့် ပြုလုပ်နိုင်သည်။

သင့်ကလေးသည် သူ၏ ယခင်လုပ်ဆောင်ချက်ကို “ကျွန်ုပ်၏ လုပ်ဆောင်ချက်” တွင် ဖျက်နိုင်ပြီး မူရင်းသတ်မှတ်ချက်အရ (စက်ပစ္စည်းတည်နေရာ၊ မိုက်ခရိုဖုန်း (သို့) အဆက်အသွယ်များကဲ့သို့ အရာများ အပါအဝင်) အက်ပ်ခွင့်ပြုချက်များကို ပြင်ပကုမ္ပဏီအက်ပ်များသို့ ပေးနိုင်သည်။ သင်သည် သင့်ကလေး၏ Google Account (သို့) ပရိုဖိုင် အချက်အလက်ကို တည်းဖြတ်ရန် (သို့) ပြင်ဆင်ရန်၊ အက်ပ်အသုံးပြုမှုနှင့် အက်ပ်ခွင့်ပြုချက်များကို စိစစ်ရန်၊ သင့်ကလေးက သူ၏အချက်အလက်များကို သုံးနိုင်သည့် အချို့သောခွင့်ပြုချက်များကို အက်ပ် (သို့) ပြင်ပဝန်ဆောင်မှုများအား ပေးနိုင်မှုကို စီမံရန်လည်း Family Link ကို အသုံးပြုနိုင်ပါသည်။

သင့်ကလေး၏ အချက်အလက်များ နောက်ထပ် စုဆောင်းမှု (သို့) အသုံးပြုမှုကို ရပ်တန့်လိုပါက Family Link အက်ပ်ရှိ သင့်ကလေး၏ Account (သို့) ပရိုဖိုင် အချက်အလက်များ စာမျက်နှာ (သို့) ဝဘ်ပေါ်ရှိ Family Link ဆက်တင်များ တွင် “အကောင့် ဖျက်ရန်” (သို့) “ပရိုဖိုင် ဖျက်ရန်” ကို နှိပ်ခြင်းဖြင့် သင့်ကလေး၏ Google Account (သို့) ပရိုဖိုင်ကို အချိန်မရွေး ဖျက်နိုင်သည်။ သင့်ကလေး၏ အကောင့် (သို့) ပရိုဖိုင် အချက်အလက်များကို သင့်တင့်သော အချိန်တစ်ခုအတွင်း အပြီးဖျက်ပါမည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ပါ

သင့်ကလေး၏ Google Account (သို့) ပရိုဖိုင်နှင့်ပတ်သက်ပြီး မေးမြန်းလိုလျှင် ကျွန်ုပ်တို့ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ။ ကျွန်ုပ်တို့ကူညီရန် အသင့်ရှိနေပါသည်။ Family Link နှင့် သင့်ကလေး၏ Google Account (သို့) ပရိုဖိုင်ဆိုင်ရာ နောက်ထပ်အချက်အလက်များကို ကျွန်ုပ်တို့၏ ကူညီရေးဌာန တွင် တွေ့နိုင်ပါသည်။ Family Link နှင့် သင့်ကလေး၏ Google Account (သို့) ပရိုဖိုင်နှင့်ပတ်သက်၍ အကြံပြုချက်ပို့လိုလျှင် Family Link အက်ပ်ရှိ မီနူး ☰ > အကူအညီနှင့် အကြံပြုချက် > အကြံပြုချက်ပို့ရန် ကို နှိပ်နိုင်သည် (သို့) အီးမေးလ်ဖြင့် (သို့) အောက်ပါလိပ်စာဖြင့် ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်သည်။

Google
1600 Amphitheatre Parkway
Mountain View, CA 94043 USA
ဖုန်း- +1 855 696 1131 (ယူအက်စ်အေ)
အခြားနိုင်ငံများအတွကg.co/FamilyLink/Contact ကို ဝင်ကြည့်ပါ

Google က သင့်ကလေး၏ ဒေတာကို စုဆောင်းပုံနှင့် အသုံးပြုပုံအကြောင်း မေးမြန်းလိုပါက Google နှင့် ကျွန်ုပ်တို့၏ ဒေတာကာကွယ်ရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ ဒေသဆိုင်ရာဥပဒေအောက်ရှိ သင်၏အခွင့်အရေးများနှင့် ပတ်သက်ပြီး စိုးရိမ်ပါက သင်၏ဒေသဆိုင်ရာ ဒေတာကာကွယ်ရေး အာဏာပိုင်ကိုလည်း ဆက်သွယ်နိုင်ပါသည်။

အသက် ၁၃ နှစ် (သို့မဟုတ် သင့်နိုင်ငံတွင် သတ်မှတ်ထားသော အသက်အရွယ်) အောက် ကလေးများအတွက် 'Family Link ရှင်းလင်းချက်' ကို ကြည့်ရန်