အသက် ၁၃ နှစ်အောက် (သို့မဟုတ် သင့်နိုင်ငံအတွင်း သတ်မှတ်ထားသည့် အသက်အရွယ်) ကလေးများအတွက် Family Link ၏ဖော်ပြချက်

Google က ကြိုဆိုပါသည်

သင့် Google အကောင့်၏ အချက်အလက်များကို Google က မည်သို့စုဆောင်းပြီး အသုံးပြုကြောင်းကို ဤနေရာတွင် လေ့လာနိုင်ပါသည်။ ၎င်းသည် အရေးကြီးသော အကြောင်းအရာဖြစ်သောကြောင့် အားလုံးကို ဖတ်ပြီး တစ်ခုခု နားမလည်ပါက မိဘကို မေးပါ။

နောက်ထပ်အရာများအတွက် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးလုံခြုံမှု သတိပေးချက် နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒ တို့ကို ကြည့်ပါ။

မည်သည့်အချက်အလက်များကို Google က စုဆောင်းပါသလဲ။

ဝဘ်ဆိုက်နှင့် အက်ပ်အများစုကဲ့သို့ပင် ကျွန်ုပ်တို့သည် သင် (သို့) မိဘတစ်ဦးက ကျွန်ုပ်တို့အား ပေးသော သင့်အမည်နှင့် မွေးနေ့ကဲ့သို့ အချက်အလက်များကို စုဆောင်းပြီး ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင်အသုံးပြုသည်နှင့်အမျှ အချက်အလက်များ စုဆောင်းပါသည်။ ၎င်းတွင် သင်၏ ‘ရှာဖွေမှတ်တမ်း’၊ စက်ပစ္စည်းအကြောင်း အချက်အလက်နှင့် အသုံးပြုသည့် အက်ပ်များကဲ့သို့သော အရာများ ပါဝင်နိုင်သည်။

အချက်အလက်များကို Google က မည်သို့အသုံးပြုပါသလဲ။
လူသိရှင်ကြားနှင့် အခြားသူများအား သင် မျှဝေထားသော အချက်အလက်များ မည်သို့ ဖြစ်သွားပါသလဲ။

အချို့သော Google အက်ပ်နှင့် ဝန်ဆောင်မှုများဖြင့် အွန်လိုင်းတွင် ဓာတ်ပုံ၊ မှတ်ချက်နှင့် အခြားအရာများကို မိတ်ဆွေများ၊ မိသားစု (သို့) အခြားသူများနှင့် မျှဝေနိုင်ပါသည်။ အွန်လိုင်းတွင် သင်မျှဝေသောအရာတိုင်းကို အများမြင်သွားနိုင်ကြောင်း မမေ့ပါနှင့်။ ထို့ကြောင့် သင်မျှဝေသည်များကို သတိထားပါ။

မည်သည့်အချက်အလက်များကို Google က မျှဝေနိုင်ပါသလဲ။

သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကျွန်ုပ်တို့ အလေးထားပါသည်။ သင့်အချက်အလက်များကို Google ပြင်ပတွင် မျှဝေရမည့် အကြောင်းရင်းအနည်းငယ်သာ ရှိပါသည်။ အချက်အလက်အချို့ကို Google တွင် သင့်မိဘ၊ မိသားစုအဖွဲ့နှင့် မျှဝေပါသည်။ ကျွန်ုပ်တို့ကို ဝန်ဆောင်မှုပေးသော အခြားကုမ္ပဏီနှင့် လူများအား အချက်အလက် မျှဝေသော်လည်း ၎င်းကို ကာကွယ်ထားစေပါသည်။ သင့်မိဘက ကျွန်ုပ်တို့အား ခွင့်ပြုချက်ပေးပါက (သို့) ဥပဒေဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်လာပါကလည်း ၎င်းကို မျှဝေသွားနိုင်ပါသည်။

သင့်အကောင့်ကို သင် မည်သို့ ထိန်းချုပ်နိုင်ပါသလဲ။
သင့်အကောင့်ကို မိဘတစ်ဦးက မည်သို့ထိန်းချုပ်နိုင်ပါသလဲ။